International News

စျေးကွက်အတွင်း ဓါတ်ဆီနှင့်ဒီဇယ်ဆီရောင်းချမှုစံစျေးနှုန်းများ ၁ ရာခိုင်နှုန်းတိုးမည့် ဆုံးဖြတ်ချက်အား ရုရှားအစိုးရခွင့်ပြု

Last Updated:

ရုရှားပြည်တွင်းဈေးကွက်အတွင်း ဓါတ်ဆီနှင့်ဒီဇယ်ဆီ၏ရောင်းချမှုစံစျေးနှုန်းများအား ၁ ရာခိုင်နှုန်းတိုးမြင့်မည့်ဆုံးဖြတ်ချက်ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်သူ Mr. Mikhail Mishustin မှ လက်မှတ်ရေးထိုးပေးခဲ့ပါကြောင်း ရုရှားအစိုးရမှ ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါဆုံးဖြတ်ချက်သည် ပြည်တွင်းဓါတ်ဆီနှင့်ဒီဇယ်စျေးကွက်အား တည်ငြိမ်သောအခြေအနေဖြစ်စေရန်ဖြစ်ကြောင်း၊ စျေးကွက်အတွင်း ဓါတ်ဆီရောင်းချမှုသည် စုစုပေါင်းထုတ်လုပ်မှုပမာဏ၏ ၁၂ ရာခိုင်နှုန်းမှ ၁၃ ရာခိုင်နှုန်းထိတိုးတက်လာပြီး၊ ဒီဇယ်မှာမူ ၈.၅ ရာခိုင်နှုန်းမှ ၉.၅ ရာခိုင်နှုန်းအထိရှိလာခဲ့ပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ရုရှားအစိုးရအနေဖြင့် ရုရှားနိုင်ငံရှိ လောင်စာဆီရောင်းချသည့်ကုမ္ပဏီများအား စျေးကွက်အတွင်း လွတ်လပ်စွာရောင်းချခွင့်ပြုထားကြောင်း၊ ထိုသို့ရောင်းချခွင့်ပြုထားသည့်အတွက် ကိုယ်ပိုင်လောင်စာဆီရောင်းဝယ်ရေးကွန်ယက်ပိုင်ဆိုင်ထားသည့် အင်အားကြီးစီးပွားရေးလုပ်ငန်းရှင်များ၏ ဓါတ်ဆီစျေးကွက်အတွင်း လက်ဝါးကြီးအုပ်စျေးနှုန်းသတ်မှတ်ခြင်းပြဿနာများရှိကြောင်း၊ ယခုအပြောင်းအလဲဆုံးဖြတ်ချက်သည် အဆိုပါပြဿနာများအား လျော့ကျစေပြီး ပုံမှန်လောင်စာဆီအရောင်းအဝယ်များ ပြန်လည်တိုးတက်လာစေရန်နှင့် စျေးကွက်အတွင်း ဓါတ်ဆီဝယ်ယူလိုမှုပမာဏအား အပြည့်အဝဖြည့်ဆည်းပေးနိုင်မည့် ထုတ်လုပ်မှုတိုးတက်လာစေရန် ရည်ရွယ်ကြောင်း သိရှိရပါသည်။

Source : https://tass.ru/ekonomika/18425977

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News